Covid-19 ရောဂါထိန်းချုပ်ကာကွယ်ကုသရေးအတွက် အလှူငွေပေးအပ်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မြစ်ကြီးနား မေ ၈
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (Covid-19) ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းသည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ပေးအပ်ခဲ့သည်။
အဆိုပါ အလှူငွေလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူးဦးတူးမိုင်က “ကျွန်တော်တို့အလှူငွေပေးအပ်ဖို့ အရင်ကတည်းကစီစဉ်ထားတာပါ၊ (Covid-19)ရောဂါ ကာကွယ်ထိန်းချုပ်စစ်ဆေးတဲ့စက်ကိုလဲလှူဖို့ အစီအစဉ်ရှိပါတယ်၊ နောက်လည်း ဆက်လက်လှူဒါန်းသွားမှာပါဟု” ပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကပ်ရောဂါကာလအတွင်း ပြည်နယ်အတွက် အခုလိုလာရောက်လှူဒါန်းသူများကို မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူးဦးတူးမိုင်နှင့် အဖွဲ့ဝင်များက အလှူငွေ ကျပ်သိန်း(၅၀)တိတိကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံရယူပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

Visitors: 37,778