ဝိုင်းမော်မြို့၌ အမှတ်(၂)စျေးသစ်အား ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မြစ်ကြီးနား မေ ၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အမှတ်(၂)ဈေးသစ်အား ပန္နတင်မင်္ဂလာအခမ်းအနားကို ဝိုင်းမော်-ကန်ပိုက်တီသွားကားလမ်းမကြီးဘေးရှိ အမှတ်(၂)ရပ်ကွက်၌ ယနေ့ နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့ရာ ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာရှိဦးတင်မောင်ထွေးက အမှတ်(၂)ဈေး တည်ဆောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်အဆိုပါဈေးသစ်အား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နှင့်စက်မှုလက်မှုဝန်ကြီးဦးဝင်းညွှန့်၊ စည်ပင်သာယာရေးဝန်ကြီးဦးနော်လီ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးလဂန်ဇယ်ဂျုံး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇယ်ခေါင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ၊ စျေးတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ဝိုင်းမော်မြို့အမှတ်(၂)ဈေးသစ်အား ပန္နရိုက်တင်ပေးကြ ပြီး အမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြသည်။
အဆိုပါဈေး(၂)စီမံကိန်းကို တင်ဒါစနစ်ဖြင့် (MBGA)ကုမ္ပဏီကတာဝန်ယူ ဆောက်လုပ်ပေး သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်တည်ဆောက်မည့်ကာလမှာ တစ်နှစ်တာကာလကြာမြှင့်သွားမည် ဖြစ်၍ တစ်ထပ်ဈေးအဆောက်အဦးပုံစံတွင် ပျံကျဈေးဆိုင်ခန်းများအပါအဝင် (၁၂)ပေ (၁၅)ပေဆိုင်ခန်း (၁၅၄)ခန်းဖြစ်ပြီး စုစုပေါင်းဆိုင်ခန်း(၃၀၉)ခန်းတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ထံမှ သိရှိရသည်။

Visitors: 29,609