တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းဖုန်းမြို့နှင့် ထိန်ချုံးမြို့နယ်အတွင်းသို့ သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားအလုပ်သမားများ ပြန်လည်ဝင်ရောက်လာမှုနှင့် ပတ်သက်၍ အများပြည်သူသို့ တင်ပြချက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်၊

ကချင်ပြည်နယ်အတွင်း မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နှင့် ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့ နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ အား(၁၆.၄.၂၀၂၀)ရက်နေ့မှစတင်၍စစ်ဆေးလက်ခံဆောင်ရွက်ရာတွင် လွယ်ဂျယ်မြို့နှင့် ကန်ပိုက်တီမြို့ တို့မှတစ်ဆင့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင်များမှ ဒေသခံပြည်သူများအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အတွင်းရှိ Quarantine ပြုလုပ်မည့် သတ်မှတ်ထားသည့် နေရာများသို့ ပို့ဆောင်ပေး လျက်ရှိပါသည်။

ထိုသို့ ပို့ဆောင်ရာတွင် လွယ်ဂျယ်နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူများထဲမှ မြစ်ကြီးနား ခရိုင်နှင့် မိုးညှင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား လည်းကောင်း၊ ကန်ပိုက်တီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူများထဲမှ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်အတွင်းရှိ ဒေသခံ ပြည်သူများအား လည်းကောင်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းနေရာ၌ ခေတ္တစစ်ဆေးလက်ခံပြီး ၎င်းနေရာမှ တစ်ဆင့် မော်တော်ယာဉ်များပြောင်းလဲ၍ သက်ဆိုင်ရာမြို့နယ်များ ရှိ Quarantine ပြုလုပ်မည့်နေရာများသို့ ဆက်လက်ပို့ဆောင်ပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် လူမှုကွန်ယက်စာမျက်နှာအချို့မှဖော်ပြသည်များကို ယုံကြည် မှုမပြုကြရန်၊ စိုးရိမ်မှုမရှိကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် မိမိတို့အစိုးရအဖွဲ့ ၏ ထုတ်ပြန်ကြေညာချက်များကိုသာ ပူးပေါင်းလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့

Image may contain: sky and outdoor
Visitors: 37,632