ကချင်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအားလုံးအတွက် အကျုံးဝင်သော ထောက်ပံ့ပေးမှုဖြစ်စေရေး စီမံဆောင်ရွက်သွားမည်

မြစ်ကြီးနား ဧပြီ ၉

ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရာတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအားလုံး အကျုံးဝင်သော ထောက်ပံ့ပေးမှု ဖြစ်စေရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်အဆင့် COVID-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်၍ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြ သည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က COVID-19 ကူးစက်ရောဂါ ပြည်နယ်အတွင်းဝင်ရောက်ကူးစက်ပြန့်ပွားမှုမရှိစေရေး ကော်မတီနှင့် ဆပ်ကော်မတီများ အနေဖြင့် ထိန်းချုပ်ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပုံမှန်ဝင်ငွေမရှိသော မိသားစု များအတွက် အခြေခံစားသောက်ကုန်ထောက်ပံ့မည့် အစီအစဉ်တွင် ပြည်နယ်အတွင်းရှိ အခြေခံလူတန်း စားအားလုံးအတွက် အကျုံးဝင်သော ထောက်ပံ့မှုဖြစ်စေရေး စနစ်တကျစီမံဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ခရိုင်နှင့် မြို့နယ်များအလိုက် စာရင်းကောက်ယူရာတွင် မိမိတို့နိုင်ငံသားမှန်သမျှ အမှန်တကယ် လိုအပ်ချက်ရှိသည့် မိသားစုများအားလုံးထောက်ပံ့နိုင်ရေးအတွက်အလေးထားဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ် အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းပြီး ထိန်းချုပ်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် အခြေခံစားသောက်ကုန်ထောက်ပံ့မှု အစီအစဉ်အ တွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌတို့က ပြည်နယ်အဆင့်ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းမှုအခြေ အနေနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း ကော်မတီရုံးဖွင့်လှစ်၍ COVID-19 နှင့် ပတ်သက်သည့် စီမံ အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေနှင့် ပုံမှန်ဝင်ငွေမရှိသည့် မိသားစုများ၏ စာရင်း ဇယားများ ကောက်ယူရာတွင် အိမ်ထောင်စုမရှိသည့် ရွှေ့ပြောင်းပြည်သူများပါ ဖြန့်ဝေပေးနိုင်ရေး၊ အခြေခံစားသောက်ကုန်များ ဖြန့်ဝေ ပေးရေးအတွက် ကုန်သည်ကြီးများအသင်းနှင့် ချိတ်ဆက်၍ လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့်ကုန်ပစ္စည်းများ ဝယ်ယူစုဆောင်း၍ ဖြန့်ဝေပေးနိုင်ရေး၊ ခရိုင်အလိုက် အခြေခံစားသောက်ကုန်များ ဖြန့်ဝေရာတွင် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

Visitors: 37,778