ကချင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ SPIC/ACHC ကုမ္ပဏီနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့မှ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအတွက် ဆေးရုံးသုံးပစ္စည်းများနှင့်ဆန်အိတ်များလှူဒါန်း

မြစ်ကြီးနား ဧပြီ ၈

ကချင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ SPIC/ACHC ကုမ္ပဏီနှင့် ဧရာဝတီဘဏ်လီမီတက်တို့မှ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် ဆေးရုံသုံးပစ္စည်းများနှင့် ဆန်အိတ်များ လာရောက်လှူ ဒါန်းမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ပြည်နယ်ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံး ဆေးရုံသုံးပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ် သက်၍ SPIC/ACHC ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Ping Wei Wei က နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်း နှီးမှုကို အခြေခံ၍ လှူဒါန်းပေးရခြင်းဖြစ်ကြောင်းနှင့် ဧရာဝတီဘဏ်လီမီတက်မှ မြစ်ကြီးနားဘဏ်ခွဲ တာဝန်ခံ ဦးနေမျိုးနိုင်က ဧရာဝတီဘဏ်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် လှူဒါန်းလျက် ရှိနည်းတူ ကချင်ပြည်နယ်အတွက်ကိုလည်း ယခုလိုလှူဒါန်းရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြား ကြသည်။

ယင်းနောက် ကချင်ပြည်နယ်ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန် ကြီး ဦးနေဝင်းက ယခုလိုပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ လာရောက်လှူဒါန်းသည့် ကုမ္ပဏီနှင့် ဧရာဝတီဘဏ်လီမိ တက်တို့အား ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ SPIC/ACHC ကုမ္ပဏီ ဥက္ကဋ္ဌက ကိုယ်ပူချိန်တိုင်းစက် (၅၀) လုံး၊ N95 နှာခေါင်းစည်း (၃၀၀)ခု၊ ဆေးရုံသုံးကာကွယ်ရေးဝတ်စုံ(PPE)အစုံ(၂၀၀)၊ ကာကွယ်ရေး မျက်မှန် (၂၀၀)ခု၊ Face Mark (၁၀၀၀၀)၊ 84 ပိုးသတ်ဆေး (၅)ပုံး၊ ဆေးရုံသုံးအရက်ပြန် ဗူး(၂၀၀)၊ လက်ဆေးရည် ဗူး(၂၀၀၀)နှင့် လက်ဆေးစင် အစုံ (၃၀)တို့ကို လည်းကောင်း၊ ဧရာဝတီဘဏ်လီမီတက်မှ မြစ်ကြီးနားဘဏ်ခွဲတာဝန်ခံက ဧရာဝတီဖောင်ဒေးရှင်းလှူဒါန်းသည့် ဆန်အိတ်(၁၀၀၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက လက်ခံရယူခဲ့သည်။

Visitors: 37,643