ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ပေါ် IDPs စခန်းနေ မိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဧပြီ ၈

ကချင်ပြည်နယ်အစိုးရအဖွဲ့ COVID-19 ကပ်ရောဂါကာလအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ တိုက်ပွဲ ရှောင်စခန်းများမှ မိသားစုဝင်များ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ (၁၅)ရက်စာ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ (၇)ရက်နှင့် (၈)ရက်တို့တွင် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုဝန်ကြီးဦးနေဝင်း ဦးဆောင် ၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အတွက် အသိပညာပေးနေမှုအခြေအနေများနှင့် စခန်းအတွင်း လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးက စခန်းတာဝန်ခံများထံ အိမ်ထောင်စုအလိုက် ဆန်အိတ်များကို ထောက်ပံ့ပေး အပ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်စခန်းတွင် ဆန်အိတ် (၉၀)၊ သီတာအေးနှစ်ခြင်းအသင်းတော်စခန်းတွင် ဆန် အိတ် (၂၀) တို့နှင့် စုစုပေါင်း ဆန်အိတ် (၁၁၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးသည် ဧပြီ ၇ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ပေါ်ရှိ IDPs စခန်းများရှိရာ တပ်ကုန်းရပ်ကွက်အတွင်းရှိ တပ်ကုန်းနှစ်ခြင်းအသင်းတော်စခန်း၌ ဆန်အိတ်(၈၉)အိတ်၊ အင်ဂျန်ဒုံ စခန်း၌ ဆန်အိတ်(၅၀)၊ ဂါလိလဲစခန်း၌ ဆန်အိတ် (၃၀)၊ ဧမာနွေလအသင်းတော်စခန်း၌ ဆန်အိတ် (၁၅)အိတ်၊ စံပြနှစ်ခြင်းအသင်းတော်စခန်း၌ ဆန်(၃၅)အိတ်၊ ရာဒါကောင်းဘီစခန်း၌ ဆန်အိတ် (၄၀) တို့နှင့် ဒူကထောင်ရပ်ကွက် အတွင်းရှိ နယ်မြေ(၄)၊ နယ်မြေ(၅)နှင့် နယ်မြေ (၁၄)တို့ရှိ စခန်း (၃)ခု အတွက် ဆန်အိတ် (၃၃) အိတ်တို့ဖြင့် စုစုပေါင်း ဆန်အိတ် (၂၉၂)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည့် အပြင် ဧပြီ ၆ ရက်တွင် လယ်ကုန်းရပ်ကွက်အတွင်းရှိ ဇီးအွန်စခန်းတွင် ဆန် (၁၁၂)အိတ်၊ ဗက်လင် အသင်းတော်စခန်း၌ ဆန်အိတ် (၁၅၀)နှင့် မလိယန်စခန်း၌ ဆန်အိတ် (၅၀)တို့ဖြင့် စုစုပေါင်း ဆန်အိတ် (၃၁၂)အိတ်တို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ပေါ် တိုက်ပွဲရှောင်စခန်းများအတွင်းရှိ မိသားစုဝင် လူဦးရေအလိုက် (၁၅)ရက်စာ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို စခန်းစုစုပေါင်း (၁၄)ခုအတွက် ဆန် အိတ်စုစုပေါင်း (၇၁၄)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Visitors: 37,643