ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ဖို့ အားလုံးပူးပေါင်းပါဝင်စို့ ခေါင်းစဉ်ဖြင့် စကာဝိုင်းဆွေးနွေးပွဲ(Talk Show)အစီအစဉ်ရိုက်ကူး

မြစ်ကြီးနား ဧပြီ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ တွင်အများပြည်သူပူးပေါင်းပါဝင်မှုပိုမိုအားကောင်းလာရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်၍ မြစ်ကြီးနား Comm-unity Centre ၌ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ဖို့ အားလုံးပူးပေါင်းပါဝင်စို့ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို ရိုက်ကူးခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအ ရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာနော်ရှဲထာ၊ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် နန်းလုကုမ္ပ ဏီမှ CEO ဒေါ်နန်းလုတို့က COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်။

ဆွေးနွေးပွဲ၌ ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အဆင့်ဆင့်ဖြင့် ရပ်ကျေးအဆင့်ထိပါဝင်သည့် Work Group များဖြင့် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ တရုတ်- မြန်မာနှစ်နိုင်ငံတရားဝင် နယ်စပ်ဂိတ်များတွင် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်အတွင်း ခရိုင်၊ မြို့ နယ်များအလိုက် Community Based Facility Quarantine အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို အသိပေးဆွေးနွေးပြောကြားသည်။

အလားတူ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း လုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ၊ ကချင်ပြည်နယ်အတွင်း ထိန်းချုပ်ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နေမှု အခြေအနေများနှင့် ရောဂါပိုးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပူးပေါင်းပါဝင် ရမည့် ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးက ပြည်နယ်အစိုးရအဖွဲ့နှင့် ဦးစီးဌာနရုံးချုပ်၏ ညွှန်ကြားချက်များနှင့်အညီ ပြည်နယ်အတွင်း ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ လူမှုကွန်ယက် နယ်ပယ်မှ သတင်းမှား၊ သတင်းတုများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် စစ်ဆေးရန်အချက် များ၊ သတင်းမှားဖြန့်ဝေသူများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက်အရ ထိ ရောက်စွာ အရေးယူဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးပြောကြား ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း မြစ်ကြီးနားမြို့နယ်အတွင်း ဒေသန္တရအမိန့်များ ထုတ်ပြန်မှုအပေါ် ပြည်သူများပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများနှင့် Quarantine လုပ် ထားသူများအား ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စောင့်ကြည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ ကို လည်းကောင်း၊ နန်းလုကုမ္ပဏီမှ CEO က ကုမ္ပဏီလုပ်ငန်းခွင်အတွင်း အလုပ်သမားများ၏ ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများအပြင် အလုပ်ရှင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နေမှုများ၊ ဆေးရုံသုံးပစ္စည်းများ ပါဝင်လှူဒါန်းပေး နိုင်မှု အခြေအနေများကို လည်းကောင်း အသီးသီးဆွေးနွေးပြောကြားကြသည်။
စကားဝိုင်းဆွေးနွေးပွဲအပြီး နန်းလုကုမ္ပဏီ CEO ဒေါ်နန်းလုက ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန် PPE ဝတ်စုံ ၁၀၀ ကို လှူဒါန်းမှု ကို ပြည်နယ်ဝန်ကြီးက လက်ခံရယူခဲ့ကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲအစီစဉ်ကို ပြည်နယ်အတွင်းရှိ ပြည်သူများပိုမိုပူးပေါင်းပါဝင်လာ ပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်နှင့် လက်ရှိအခြေအနေတွင် အစိုးရ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယခုလို ရိုက်ကူး ၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာ၊ ပြည်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနများ၏ လူမှုကွန်ယက်စာမျက်နှာများနှင့် ပြည်နယ်အတွင်းရှိ Online သတင်း မီဒီယာစာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ သိရှိရသည်။

Visitors: 32,962