COVID-19 ရောဂါကာကွယ်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် မြစ်ကြီးနားမြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့ပေါ်ဌာနဆိုင်ရာ ရုံးများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား ဧပြီ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနား၌ COVID-19 ရောဂါကာကွယ်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ရုံးအပါအဝင် လူဝင်/ထွက်များသည့် ဌာနဆိုင်ရာရုံးအဆောက်အအုံများအား မြို့နယ်မီးသတ် တပ်ဖွဲ့မှ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုမီးသတ်ဦးစီးမှူး ဦးဝေလျှံထွေးနှင့် တပ်ဖွဲ့ဝင်များသည် COVID-19 ရောဂါကာကွယ်ရေးအတွက် မြစ်ကြီးနားမြို့ပေါ်၌ ယခုလ ၂ ရက်နေ့မှ စတင်ပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံနှင့် ပတ်ဝန်းကျင် များကို ပိုးသတ်ဆေးပက်ဖျန်းပေးခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအပါ အဝင် ကျန်ဌာနဆိုင်ရာများအား လိုက်လံပျက်ဖျန်းပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

 
Visitors: 32,963