နိုင်ငံတစ်ဝှမ်းလုံးလွှမ်းခြုံသော အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်သရဇ္ဇျယ်လျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများအဖွဲ့အား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့မှ ဖူးမြော်ကြိုဆို

မြစ်ကြီးနား ဧပြီ ၁

မြန်မာတစ်နိုင်ငံတစ်ဝှမ်းလုံးလွှမ်းခြုံ၍ ဝေဟင်မှ လေယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မူကြသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သည် မန္တလေးမှ တစ်ဆင့် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိတော်မူကြသည်။

နာယကဆရာတော်များကြီးများအား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းချုပ်တို့နှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညို၍ ကြိုဆိုခဲ့ကြပြီး လေဆိပ်ဧည့်ခန်းမဆောင်၌ အချိုရည်များဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားလေဆိပ်မှ တစ်ဆင့် ညောင်ဦး လေဆိပ်သို့ အန္တရာယ်ကင်းပရိတ်တရားတော်များဆက်လက် ရွတ်ဖတ်သဇ္ဇျယ်ပေးကြမည့် နာယက ဆရာတော်ကြီးများနှင့် အဖွဲ့အား မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် လေယာဉ်ပေါ်သို့ လိုက်ပါပို့ဆောင် ပေးခဲ့ကြသည်။

Visitors: 37,793