ကချင်ပြည်နယ်အစိုးရအဖွဲ့မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအတွက် အလှူငွေကျပ်သိန်းနှစ်ထောင်ကျော်နှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးကြသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မြစ်ကြီးနား မတ် ၃၁

ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေကျပ်သန်းနှစ်ထောင်ကျော်နှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးကြသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခန်းမ၌ ကျင်းပပြုလုပ်သည်။

စေတနာအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်နေပြီဖြစ်သည့်အတွက် ထိုသို့ ဆောင်ရွက်ရာတွင် ဆေးရုံသုံးပစ္စည်းနှင့် တခြား လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးနိုင်ရေးသည် အဓိကဖြစ်လာသည့်အတွက် ယခုလို ကပ်ရောဂါ ကျရောက်ချိန်တွင် နိုင်ငံနှင့် ပြည်နယ်အတွက် ကိုယ်ကျိုးမဖက်ဘဲ တတ်နိုင်သလောက်လာရောက် လှူဒါန်းပေးကြသူ ကုမ္ပဏီ၊ အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့အားလုံးကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖြင့် ကျေးဇူးတင်စကားပြောကြား သည်။

ထို့နောက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးဦးနေဝင်းက ကချင်ပြည်နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ကြိုတင်စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲနှင့် လိုအပ်ချက်များအပေါ် ယခု လို အများပြည်သူမှ ပူးပေါင်းပါဝင်လာမှုအပေါ် ကျေးဇူးတင်ကြောင်းရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့က COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ ငွေကျပ်သိန်း (၂၀၀၀)၊ မြစ်ကြီးနားခရိုင် ပုဂ္ဂလိက မော်တော်ယာဉ်များကြီးကြပ်ရေးကော်မတီမှ မြစ်ကြီးနားဆေးရုံအတွက် အောက်စီဂျင်စက်ဝယ်ယူ အသုံးပြုရန် ငွေကျပ် (၁၅၀)သိန်း၊ ဖားကန့်မြို့နယ် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များကြီးကြပ်ရေး ကော်မတီမှ ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနအသုံးပြုရန်အတွက် Toyota Hilux Double cub ကားတစ်စီး၊ Excellent Fortune Foundation ကုမ္ပဏီမှ မြို့နယ်(၇)မြို့နယ်ရှိ ဆေးရုံ (၈)ရုံ အတွက် PPE ဝတ်စုံ (၁၉၅)စုံ၊ Gloves(၇၈၀)စုံ၊ Goggles (၆၅)ခု၊ Face Mask (၂၁၄၅)ခုနှင့် N95 Mask(၂၃၄) ခု၊ ဦးဌေးမင်းစိုး(ဟိန်းအောင်စက်သုံးဆီဆိုင်)မှ PPE ဝတ်စုံ (၃၀၀)၊ ကချင် ပြည်နယ်လူမှုကူညီရေး အသင်း(မန္တလေးမြို့)မှ Non Contact Thermomerter (၁၂၀)ခု၊ ကချင် ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းမှ ငွေကျပ် သိန်း(၆၀)၊ ကချင်ပြည်နယ်ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းမှ ငွေကျပ်သိန်း (၅၀)၊ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက် မှုများအများပိုင်ကုမ္ပဏီမှ ငွေကျပ်သိန်း(၅၀)၊ ယူနန်ပေါင်းစန်း-ဟိန်ယိစက်မှုကုမ္ပဏီအုပ်စုမှ Mask နှစ်ထောင်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(ကချင်ပြည်နယ်အသင်းခွဲ)မှ ငွေကျပ် (၁၀)သိန်း၊ ဦးအောင်ဆန်းဦး၊အင်ဂျင်နီယာ၊ မြစ်ကြီးနားမြို့နယ်လမ်းဦးစီးဌာနမှ ငွေကျပ် (၁၀)သိန်း၊ ဦးခင်မောင် သန်း(ဇော်မော်ဆောက်လုပ်ရေးကုမ္ပဏီမှငွေကျပ်(၅)သိန်း၊ ဦးဖြိုးဝေ(ခိုင်မာသောအနာဂတ်ကုမ္ပဏီ)၊ ဦးချစ်ပိုင်လင်း (လေးမြို့နဒီကုမ္ပဏီ)ပူတာအို၊ ဦးခိုင်ဇော်လတ် (ပါဝါရှိုင်းကုမ္ပဏီ)တို့မှ ငွေကျပ်(၃) သိန်းစီ၊ ဆရာတော်ဒေါက်တာဇော်ဘာလဖိုင်၊ မြစ်ကြီးနားမြို့မှ ငွေကျပ်(၁)သိန်း (၂)သောင်း၊ ဒေါ်ညွန့်ညွန့်စန်း၊ရန်ကုန်မြို့နှင့် ဒေါက်တာလှိုင်လှိုင်ဌေး (ကချင်ပြည်နယ်ဒုတိယကျန်းမာရေးဦးစီး မှူး)မှ ငွေကျပ်(၁)သိန်းစီတို့နှင့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအများပိုင်ကုမ္ပဏီမှ ငွေကျပ်သိန်း(၁၀၀)တို့ဖြင့် ငွေကျပ်စုစုပေါင်း(၂၄၄၇၂၀၀၀၀)နှင့် ဆေးရုံသုံးပစ္စည်းများလှူဒါန်းမှုတို့ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြသည်။

Visitors: 37,778