ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးနှင့် ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများဖြင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရွှေကူ မတ် ၇

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေကူမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များသည်
သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရွှေကူမြို့နယ် မဏိဩဂကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးက ရွှေကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သော ကျေးရွာချင်းဆက်လမ်းများ၊ တံတားတည်ဆောက်မှုများနှင့် လှျပ်စစ်မီးရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ကျေးရွာနေပြည်သူများအား ရှင်းလင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက ကျေးရွာနေ ပြည်သူများအား ရေကောင်းရေသန့်ရရှိရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် Super Frequency ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ရွှေကူမြို့နယ် တိန်းဟွန်း-မဏိဩဂ-ဘိုကုန်း- သပြေလှ ကျေးရွာချင်း ဆက်လမ်းပေါ်တွင် ကွန်ကရစ်တံတား ၃ စင်း တည်ဆောက်လျက်ရှိသည့် အခြေအနေများ၊ လှိုင်ရတီထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တိန်းဟွန်း-ကုန်းနု-မဏိဩဂ-ဘိုကုန်း-သပြေလှ ကျေးရွာချင်းဆက်လမ်း မြေသားတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ တိန်းဟွန်း-သရက်ကုန်း လမ်းပေါ်ရှိ တိန်းဟွန်းရွာ သံကူကွန် ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ရွှေကူမြို့နယ် မြောက်ရွာကုန်းဆင်းမှ ရွှေဘုံသာ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

Visitors: 33,310