ကန်ပိုက်တီစီးပွားရေးနယ်မြေစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီလီမိတက် တို့အကြား နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုး

မြစ်ကြီးနား မတ် ၄

ကန်ပိုက်တီစီးပွားရေးနယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာဟိန် ယရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဘောမ်လမ်းနှင့် တရုတ်- ယူနန်ထိန်ရင်းကုန်သွယ်ရေးကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲတွင် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက စီပွားရေးနယ်မြေစီမံကိန်းအကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ကန်ပိုက်တီမြို့တွင်ရှိသည့် ဒေသခံ ပြည်သူလူထုများအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးကိုအဆင့်မြှင့်တင် ရေး၊ တရားမဝင်ကုန်စည်များထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမြင်သာ ပြီး အများပြည်သူအတွက် စီးပွားရေးအခွင့်အလမ်းများပိုမိုဖြစ်ထွန်းလာရေးအတွက် ဥပဒေနှင့် အညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာဟိန်ယရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဘောမ်လမ်းက စီးပွားရေးနယ်မြေစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာ(MOU)ကို ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိ သူများ၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီဖက်မှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများက လက်မှတ်ရေးထိုး ကြပြီး စာချွန်လွှာကို လဲလှယ်ခဲ့ကြသည်။
အဆိုပါ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၏ တဖက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အဓိကကုန်စည် စီးဆင်းလျက်ရှိသည့် နယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ဂိတ် အဆင့်မြှင့်တင် နိုင်ရေးအတွက် စီးပွားရေးနယ်မြေစီမံကိန်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒုတိယ အကြိမ် ကချင်ပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် တင်သွင်းအတည်ပြုချက် ရယူခဲ့ပြီး ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယရင်းနှီးမြှုပ်မှုဖွံ့ဖြိုးရေးကုမ္ပဏီမှာ ကန်ပိုက်တီဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်နှင့့်် တရုတ်-ယူနန်ထိန်ရင်းကုန်သွယ်ရေးကုမ္ပဏီလီမိတက်တို့ အကျိုးတူဖက်စပ်တည်ထောင် ထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရသည်။

Visitors: 33,201