ဆဒုံးမြို့ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ လွှဲပြောင်းပေးအပ်ပြီး ရွှေ့ပြောင်းနေရာချထားပေး

ဆဒုံး ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ဆဒုံးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့်ဆောင်ရွက်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာများအား တိုက်ပွဲရှောင်နေ့ရပ်စွန့်ခွာပြည်သူ များအတွက် လွှဲပြောင်းပေးအပ်ခြင်းနှင့် ရွှေ့ပြောင်းနေရာချထားပေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် အဆိုပါ အိမ်ရာသစ်ဆောက်လုပ်ထားသည့်နေရာတွင် ဆောင်ရွက်ခဲ့ကြသည်။

လွှဲပြောင်းခြင်းနှင့်ရွှေ့ပြောင်းနေရာချထားပေးရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီနှင့် လူမှုရေးဝန်ကြီး ဦးနေဝင်း တို့က တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား များပြောကြားကြသည်။

ထို့နောက် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးက ဆန်အိတ်နှင့် စားသုံးဆီများ၊ စည်ပင်သာယာရေးဝန်ကြီးက တစ်ပတ်စာဆန်ရိက္ခာဖိုး ငွေများ၊ လူမှုရေးဝန်ကြီးက ကုလားပဲနှင့်ဆားထုတ်များ၊ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အိမ်ထောင်စုသုံးပစ္စည်းများ၊ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးက အိမ်ထောင်စုသုံး ပစ္စည်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ဆေးစိမ်ခြင်ထောင်များနှင့် ပြည်နယ်ကြက်ခြေနီ အသင်းက Hygiene Kit များဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၃၇၃၁၆၈၉)ကို အသီးသီးထောက်ပံ့ပေး အပ်ကြရာ ရွှေ့ပြောင်းနေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ဦးဂူဝူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တန်ဖိုးနည်းအိမ်ရာမှ နေအိမ်များကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်ကြသည့် တိုက်ပွဲရှောင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးကြသည်။

အဆိုပါ ဆဒုံးမြို့ရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်နိုင်ရေး ဆာရာနာကျေးရွာမှ ဦးနော့တားက ၎င်းပိုင်ဆိုင်သည့် မြေနေရာ ၄.၅ ဧကခန့်ကို လှူဒါန်းပေးခဲ့သဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် အိမ်အလုံးရေ (၄၀)၊ အိမ်တစ်လုံးတန် ဖိုးကျပ် (၇၅)သိန်းနှုန်းဖြင့် စုစုပေါင်း သန်း(၃၀၀)ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အပြင် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်နှင့် စိမ့်စမ်းရေသွယ်တန်းထားပေးပြီး တိုက်ပွဲရှောင်ပြည်သူများအား မဲစနစ်ဖြင့်ရွေးချယ် ခဲ့ရာ ယနေ့ ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၃၈)စုရှိကြောင်း သိရှိရသည်။

Visitors: 29,959