မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပသည့် လူငယ်များ၏ တန်ဖိုးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဟောပြောပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂

Value of youth ကော်မတီမှ ကျင်းပသော လူငယ်များအတွက် စိတ်ဓာတ်အတွေးအခေါ် ဘဝမြှင့် တင်ရေးဆိုင်ရာ ဟောပြောပွဲအဖြစ် လူငယ်များ၏ တန်ဖိုးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဟောပြောပွဲကို မြစ်ကြီးနား တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်အားပေး အမှာစကားပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မြန်မာနိုင်ငံလူဦးရေ လေးပုံတစ်ပုံ၏ (၂၈%)သည် အသက်(၁၅) နှစ်မှ (၂၉)နှစ် အထိသည် လူငယ်များဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံလူဦးရေ၏ (၅၅%)သည် လူငယ်များ ဖြစ်နေသည်ကို သိရှိရကြောင်း၊ ဒီတော့ လူငယ်များ၏ တန်ဖိုးသည်အရေးကြီးကြောင်း၊ လူငယ်တွေ အနေနဲ့ မိမိကိုယ်ကို တန်ဖိုးထားတတ်ဖို့လိုကြောင်း၊ ဒီလူငယ်တွေရဲ့ တန်ဖိုးအပေါ်မူတည်ပြီး နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သည့် နိုင်ငံတစ်ခုအဖြစ် ထူထောင်နိုင်ရေး သည် ယနေ့လူငယ်မောင်မယ်တွေအပေါ် မူတည်နေသည်ဆိုတာကို သိနားလည်စေလိုပါကြောင်း၊ မိမိတို့ အစိုးရအနေနဲ့လည်း အနာဂတ်မှာ မလွဲမသွေ တာဝန်ထမ်းယူရမဲ့ လူငယ်တွေအတွက် ဘက်ပေါင်းစုံက ပြည့်စုံကောင်းမွန်လာရေး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ လူငယ်တွေအနေနဲ့ တစ်ဦး အပေါ်တစ်ဦး မေတ္တာတရားကြီးမားစွာထားတတ်ပြီး အချင်းချင်းစည်းလုံးညီညွှတ်စွာနေထိုင်သွားကြရေး တိုက်တွန်းမှာကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြစ်ကြီးနားမြို့တွင်းရှိ တက္ကသိုလ်ကောလိပ်များမှ ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြပြီး ဆရာ David Lah က လူငယ့်တန်ဖိုးအကြောင်း၊ အဆိုတော် ‌ဂျေးနီက ဂီတနှင့် ဘဝအကြောင်း၊ ဆရာပြေခိုင်က လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများ၊ ဒေါက်တာ Sa Sa က Form the jungle to the Palace ခေါင်းစဉ်များဖြင့် ဟောပြောခြင်း၊ ပြန်လည် သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် တပ်ကုန်းရပ်ကွက်အတွင်း ဆွမ်ပရာဘွမ်လမ်းမကြီး တစ်လျှောက် လမ်းတိုးချဲ့နိုင်ရေး လမ်းလယ်ကျွန်းနှင့် လမ်းပုခုံးသားများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တပ်ကုန်း(ဧဒင်)ရပ်ကွက်၊ သံလုကာဓမ္မကောလိပ်ကျောင်းဝင်းအတွင်း လူထုတွေ့ ဆုံပွဲသို့တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကားပြောကြားပြီး ဓမ္မ ကျောင်းဝင်းအတွင်းလမ်းများနှင့် ရပ်ကွက်အတွင်းလမ်းများ ဆောင်ရွက်ပေးနိုင်ရေးတင်ပြမှုကို ပြည်နယ် ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Visitors: 33,201