ကချင်ပြည်နယ် Student’s Talent Show 2020 ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးမည်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှ ကျောင်းသား/သူများ၏ စွမ်းရည် ပြသပွဲ(Student’s Talent Show Kachin State -2020) ကို ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား/ သူများ၏ တင်ပြမှုအပေါ် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

ယင်းသို့ တွေ့ဆုံစဉ် ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်များက Talent Show ကျင်းပပြု လုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုလို ကျောင်းသားလူငယ်များ၏ စွမ်းရည်များ ဖော်ထုတ်ပြသပွဲ သည် လုပ်ဆောင်ရမည့်ကိစ္စတစ်ခုဖြစ်ကြောင်း၊ အနာဂတ်တွင် ကျရာတာဝန်ကို ပုခုံးထမ်းတာဝန်ထမ်း ဆောင်ကြမည့် လူငယ်ကျောင်းသား/သူများအနေဖြင့် စွမ်းရည်တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်နေရမည်ဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း အားပေးပါကြောင်း၊ လိုအပ်သည် များကို ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ Student’s Talent Show Kachin State -2020 ကို ကချင်ပြည်နယ်အတွင်းရှိ တက္က သိုလ်ကောလိပ်များမှ ကျောင်းသား/သူများ ပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်ကျောင်း သား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးများ၊ စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသနိုင်ရေးနှင့် ပိုမို မြင့်မားလာစေ‌ရေး၊ နိုင်ငံတော်အကျိုးပြုဆန်းသစ်တီထွင်၊ ဖန်တီးနိုင်စွမ်းရှိသော ကျောင်းသား၊ ကျောင်း သူများပေါ်ထွက်လာစေရေး၊ ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကောလိပ်ကျောင်းသား၊ ကျောင်းသူအချင်း ချင်းစည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုရရှိရေး ရည်ရွယ်ကျင်းပမည်ဖြစ်ကြောင်းနှင့် Talent Show တွင် Science ၊ Technology ၊ Environment & Society Projects Show ပွဲများ၊ ပန်းချီ၊ ဓာတ်ပုံ၊ လက်မှု ပညာ၊စာပေစကားဝိုင်း၊ ကဗျာရွတ်/အရေးကြီး၊ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲများနှင့် ပြဇာတ်၊ အငြိမ့်၊ ရိုးရာအက၊ သံချပ်၊ တေးသရုပ်ဖော်၊ ဂီတ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ၂၀၁၉-၂၀၂၀ ပညာသင် နှစ် နှစ်ဝက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 29,956