မြစ်ကြီးနားမြို့၌ ကိုရိုနာဗိုင်းရပ်အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ဆောင် ရွက်ရေးလုပ်ငန်းစဉ်များ၊ ဗိုင်းရပ်အကြောင်း အသိပညာပေးအစီအစဉ်အဖြစ် ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသောမြစ်ကြီးနားမြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီတွင် ကိုရိုနာဗိုင်းရပ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်သည်။

ပြည်သူ့စကာဝိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြည်သူလူထုအ တွက် လုံခြုံသည့်ကျန်းမာရေးအသိပညာပေးခြင်းသည် အထူးလိုအပ်သလို မှန်ကန်သည့် သတင်းအချက် ရရှိရေးသည် လိုအပ်လျက်ရှိသောကြောင့် ပြည်သူလူထုကြားထဲတွင် ဗိုင်းရပ်နှင့်ပတ်သက်၍ ပိုမိုကျယ် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ယနေ့ စကားဝိုင်းကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်က ဦးစီးဌာနအနေဖြင့် ပြည်သူ့စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားသည်။

ယင်းနောက် ပြည်သူ့စကားဝိုင်းတွင် ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာနော်ရှဲထာ၊ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံ) ဦးကျော်လွင်၊ မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ထင်ကိုကို၊ မြန်မာနိုင်ငံကျန်းမာ ရေးမှူးအသင်းမှ စီမံချက်မန်နေဂျာ ဦးကျော်မျိုးခိုင်နှင့် စာရေးဆရာအကြီးကိုကို(ကသာ)တို့က ကိုရိုနာ ဗိုင်းရပ်ကူးစက်ရောဂါပိုးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး အသိ ပညာပေးလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ဒေသများတွင် ထိန်းချုပ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များက ရောဂါပိုးကူးစက်မှုကာကွယ်ရမည့်ကိစ္စရပ်များ၊ လူမှုကွန်ယက်မှ သတင်းအမှားများနှင့်ပတ်သက် ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နော်ရှဲထာက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
Visitors: 33,309