(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် (၇၂၁၇)သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက် အဦအထူးအဖွဲ့ (၈)မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် တိုးချဲ့နှစ်ထပ်ဆောင်သစ်ကို ယနေ့ နံနက် (၁၀)နာရီတွင် ဖွင့်လှစ်သည်။

အဆိုပါ တိုးချဲ့နှစ်ထပ်ဆောင်သစ်အဆောက်အဦကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်တို့နှင့် ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ အေးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တိုးချဲ့နှစ်ထပ်ဆောင်သစ်အတွင်း ခွဲစိတ်ခန်း၊ သားဖွားခန်း၊ကလေး ပျော်ခန်းနှင့် လူနာခန်း (၉)ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆောင်သစ်အတွင်း ဆေးဝါး ကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကို ပေးအပ်သည်။

ယင်းနောက် တိုးချဲ့ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က ယနေ့ ဝိုင်းမော်မြို့ ဆေးရုံတွင် တိုးချဲ့ဆောင်သစ်ကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် တိုင်းရင်းသား သွေးချင်းအားလုံး ကျန်းမာရေးပိုမိုတိုးတက်လာမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးကို ဆထက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်ပေးကြရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက တိုးချဲ့ဆောင်သစ်အတွင်းကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းတင်ပြကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၈)က ဆေးရုံတိုးချဲ့နှစ်ထပ်ဆောင်နှင့် ပတ်သက်သည့် စာရွက်စာ တမ်းများကို လွှဲပြောင်းလက်ခံရယူပြီး ဝိုင်းမော်မြို့ အမှတ်(၃)ရပ်ကွက်မှ မြို့မိမြို့ဖဦးမြအောင်က မြို့နေ လူထုကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံသည် (၁၉၆၈)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်စဉ်တွင် (၁၆)ကုတင်ဆံ့ဆေးရုံအဖြစ်မှ (၂၀၀၅)ခုနှစ်တွင် (၂၅)ကုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး သက် တမ်းအားဖြင့် (၅၂)နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်းလူဦးရေတိုးပွားလာခြင်းကြောင့် တိုးချဲ့ ဆောင်သစ်ကို ဆောက်လုပ်ဖြည့်ဆည်းပေးခဲ့ကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့၌ လူထုတွေ့ဆုံပွဲ ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ၂၅ ကုတင်ဆံ့ဆေးရုံမှ ကုတင် ၅၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
Visitors: 33,201