ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် တပ်ကုန်း-ထွယ်ဆန်ကတ္တရာလမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၇

မြစ်ကြီးနားမြို့၊ တပ်ကုန်း-ထွယ်ဆန်ရပ်ကွက်နေ ပြည်သူများ၏လိုအပ်ချက်အရ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် ၁၀၉ သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည့် အရှည် ၂၈၀၀ ပေ၊ အကျယ် ၁၈ ပေရှိ ကတ္တရာလမ်း သစ်ကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ဖွင့်လှစ်ပေးခဲ့သည်။

လမ်းသစ်ဖွင့်ပွဲကို ရပ်ကွက်အတွင်းရှိ အဆိုပါလမ်းသစ်မုဒ်ဦး၌ ကျင်းပရာ I.C.M အသင်းတော်မှ သိက္ထာတော်ရဆရာ ဦးဘရန်တောင်က ကက္တရာလမ်းသစ်အတွက် ဆက်ကပ်ဆုတောင်းကောင်းကြီးပေး ပြီးလမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ I.C.M အသင်းတော်သိက္ခာတော်ရဆရာနှင့် ဂါလိလဲနှစ်ခြင်းအသင်း တော်ဥက္ကဋ္ဌ သင်းထောက်ဦးဘောက်နော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ လမ်းသစ်ကို ဖြတ်သန်း ကြည့်ရှုကြသည်။

ယင်းနောက် ဂါလိလဲဘုရားကျောင်း၌ လမ်းသစ်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ နှစ်ခြင်းအသင်း တော်မှ သင်းထောက်ဆရာဦးကွမ်ရှင်းဂမ်က လမ်းသစ်ရရှိအောင်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူး တင်စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် တစ်ခုလုံးတစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ရသည့်အတွက် ပြည်သူများ၏ လိုအပ်ချက် ပြည့်မီစွာဖြည့်ဆည်းဆောင်ရွက်ပေးရန် လုပ်ငန်း များစွာကျန်ရှိနေသေးပါကြောင်း၊ လိုအပ်ချက်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ခွဲဝေလျာထားပြီး ဖြည့် ဆည်းပေးလျက်ရှိကြောင်း၊ ဒါ့အပြင် မိမိတို့၏မျှော်မှန်းချက်ဖြစ်သော အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုး တက်ပြီး မူးယစ်ဆေးဝါးကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်လာစေရန် ပြည်သူ အားလုံးက မိမိတို့အစိုးရအဖွဲ့နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် အသင်းတော်တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်အား ကချင်တိုင်းရင်းသားရိုးရာ မဂွန်းရှလစ်ဖြင့် ကျေးဇူးတင်ဂါဝရပြုပေးအပ်ကြပြီး သိက္ခာတော်ရဆရာဦးလုံဘန်ခေါဘောမ်က ဆုတောင်း ဆက်ကပ်ကောင်းကြီးပေးခဲ့သည်။
Visitors: 37,593