ကောင်းမူးလုန်၂၃၂၀ ပြည့်နှစ် မုတ်ဦးဖွင့်ပွဲအခမ်းအနားနှင့် ရိုးရာမီးပြတိုက်ဖွင့်ပွဲအခမ်းနားကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်မလိခမြစ်ကမ်းနဘေးတွင်တည်ထားကိုးကွယ် လျက်ရှိ သော ရှေးဟောင်းသမိုင်းဝင် ကောင်းမူးလုန်စေတီတော်မြတ်ကြီး၏နှစ်ပေါင်း ၂၃၂၀ ပြည့်နှစ်အထိမ်းအမှတ် ဗုဒ္ဓပူဇနိ ပွဲတော် မုတ်ဦးဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် စည်ကားစွာ သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ မုတ်ဦးဖွင့်ပွဲတွင် ကချင်ပြည်နယ် လွတ်တော်ဥက္ကဌ ဦးထွန်းတင် ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း ၊ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် နှင့် အိန္ဒယနိုင်ငံမှ အထူး ဧည့်သည်တော်ကြီး သြစဝ်နာ တို့က ဖဲကြိုးဖြတ်ဖွင့်လစ်ခဲ့ကြသည်။

ထိုနောက် ကချင်ပြည်နယ် လွတ်တော်ဥက္ကဌ ဦးထွန်းတင် နှင့် ဧည့်သည်တော်ကြီးများသည် ကောင်းမူးလုန် ရွှေဆတ်မင်းစေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည် ပူဇော်ကြပြီးနောက် ဗုဒ္ဓရိုးရာအထိမ်း အမှတ် တိုင်းခမ်းတီရိုးရာမီးပြဿဒ်နှင့် ဝင်္ကပါမုတ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက တိုင်းခမ်းတီးရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ဗုဒ္ဓဝင်ပြခန်းများ ရှေးဟောင်းသမိုင်းရိုးရာပစ္စည်းပြခန်းများနှင့် ဌာနဆိုင်ရာများမှပြသထားသော ပြခန်းများကို လှည့်ပတ်ကြည့်ရှုခဲ့ ကြောင်းသိရသည်။
Visitors: 33,202