မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်း(Surgical Mask)များ လာရောက်လှူဒါန်း

မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့ ဝင်များအား လက်ခံတွေ့ဆုံပြီး ကြက်ခြေနီတပ်ဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ၊ ပြည်နယ်အတွင်းလူသား ခြင်းစာနာထောက်ထားမှုအကူအညီပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြန်မာ နိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှ နယ်စပ်ဝင်/ထွက်ဂိတ်များတွင် စစ်ဆေးရေးဆောင်ရွက်နေသည့် ဌာန ဆိုင်ရာများ အသုံးပြုရန်အတွက် ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်း(Surgical Mask)များလှူဒါန်းမှု ကို လက်ခံရယူခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
Visitors: 29,944