မချမ်းဘော့-ဖရူခ-ရပ်ဘော့-နောင်မွန်လမ်းပေါ်ရှိ ထီခတံတားနှင့် ထာခတံတားများဖွင့်လှစ်

ပူတာအို ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော မချမ်းဘော- ဖရူခ- ရပ်ဘော့-နောင်မွန်ကားလမ်းမပေါ်ရှိ ထီခတံတားနှင့် ထာခတံတား(၂)စင်းကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီတွင် ဖွင့်လှစ်သည်။

တံတားဖွင့်ပွဲတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ကအမှာစကားပြောကြားပြီး တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဇော်ဝင်းမြင့်က တံတားများတည် ဆောက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြရာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တံတားသစ်ကို ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ဦးခန်လင်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်၊ လမ်းဦးစီးဌာန၊ အင်ဂျင်နီယာချုပ်ဦးကျော်ကျော်တို့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီတို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေး ပြီး ဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များက တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကာ ဒေသခံတိုင်းရင်းသားများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယနေ့ဖွင့်လှစ်လိုက်သည့် တံတားနှစ်ဆင်းကို တံတားဦးစီးဌာန၊တံတားအထူးအဖွဲ့(၁)မှ ပြည်နယ် ရန်ပုံငွေဖြင့် တံတားအမှတ် (၁/၈) အရှည်ပေ ၄၀၀၊ အကျယ် ၂၂ ပေရှိ ထီခတံတားနှင့် တံတားအမှတ် (၃/၂၂) အရှည်ပေ ၂၀၀၊ အကျယ် ၂၂ ပေရှိ ထာခတံတားများဖြစ်ပြီး သံကူကွန်ကရစ်တံတားအမျိုးအစား တံတားများဖြစ်ကာ အဆိုပါ တံတားသစ်များ ဖွင့်လှစ်နိုင်ခဲ့သဖြင့် ပူတာအိုခရိုင်အတွင်း နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နှင့် ပန်နန်းဒင်မြို့မှ ပြည်သူများရာသီမရွေးအလွယ်တကူဖြတ်သန်းသွားလာနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။
Visitors: 29,944