ကချင်ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်သို့ ပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား တွေ့ဆုံအားပေး

မြစ်ကြီးနား ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် နေပြည်တော်၌ ကျင်းပမည့် (၇၃)နှစ် မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာအကအဖွဲ့ များအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ သွားရောက်တွေ့ဆုံအားပေး ခဲ့သည်။
အဆိုပါ အဖွဲ့တွင် ပြည်နယ်ယဉ်ကျေးမှုနှင့်ပြတိုက်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းနှင့် အုပ်ချုပ်သူများအပါဝင် ကချင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ဇိုင်းဝါးရိုးရာယဉ်ကျေးမှုအဖွဲ့ စုစုပေါင်း ၆၂ ဦးတို့သည် ဖေဖော်ဝါရီ ၂ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ရာ ပြည်နယ် ဝန်ကြီးချုပ်က စည်းလုံးညီညွတ်စွာနေထိုင်သွားရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန် အားပေးမှာ ကြားသည်။
ယင်းနောက်တိုင်းရင်းသားရိုးရာအကအဖွဲ့များက နေပြည်တော်တွင် ပြုလုပ်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် ပုံစံအတိုင်း ကပြဖျော်ဖြေခဲ့ ကြသည်။
Visitors: 26,818