ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ကျွေးရေးအစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံတိုက်ကျွေးကြောင်း အသိပေးဆွေးနွေးခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၃၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်းအစီအစဉ်တွင် အသက်(၁)နှစ်အောက်ကလေးများအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး ရိုတာဗိုင်း ရပ်(စ်) ကာကွယ်ဆေးကို ဖေဖော်ဝါရီလမှ စတင်ထည့်သွင်းတိုက်ကျွေးထိုးနှံမည်ဖြစ်ကြောင်း ပြည်နယ် အဆင့်အသိပေးရှင်းလင်းဆွေးနွေးပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အသိပေးဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ ပုံမှန်ကာကွယ် ဆေးထိုး တိုက်ကျွေးခြင်း အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို စတင်ထည့် သွင်းထိုးနှံသွားမှာ ဖြစ်သည့်အတွက် သတ်မှတ်ထားသော အသက်အရွယ် တွင် လွှမ်းခြုံမှု အမြင့်မားဆုံး တိုက်ကျွေးနိုင်ရေးသည် အရေးကြီးလှကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး ကလည်း ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စိတ်ချယုံကြည်စွာဖြင့် အပြည့်အဝလက်ခံလာစေရန် ကြိုးစားဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ရိုတာ ဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး(Penta4)ကို ပုံမှန်ကာကွယ်ဆေး ထိုးတိုက်ကျွေးမည့်အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင် ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ က အသက်(၁)နှစ်အောက်နှင့် (၁)နှစ်ခွဲ ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ရိုတာဗိုင်း ရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးတိုက်ကျွေးပေးမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များအတွက် အရုပ်များကို လက်ဆောင်ပေးအပ်ခဲ့သည်။
အဆိုပါ ရိုတာဗိုင်းရပ်(စ်)သည် အသက်(၁) နှစ်အောက် ကလေးများတွင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားသော ရောဂါပိုးဖြစ်ပြီး ရိုတာဗိုင်းရပ်ပိုးကို ရိုတာဗိုင်းရပ်ကာကွယ်ဆေးတိုက်ကျွေး ခြင်းဖြင့် ကာကွယ်နိုင်ကြောင်းသိရှိရသည်။
Visitors: 25,288