လွယ်ဂျယ်မြို့၌ ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ဗန်းမော် ဇန်နဝါရီ ၂၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် နယ်မြေတိမ်းရှောင်စခန်း လီဆူ(Camp)၌ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပေါ်နေသော ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် အကြောင်းအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၈ ရက် မွန်းလွှဲ ၁ နာရီက ကျင်းပရာ လွယ်ဂျယ်မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မေသင်းက ဝူဟန်(Novel Coronavirus 2019-nCov) အဆုတ်ရောင်ရောဂါအကြောင်းကို အသိပညာပေးဆွေးနွေးသည်။ ဆက်လက်၍ လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာလှအောင်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးမောင်မောင်ဌေးတို့က ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် အကြောင်း ကာကွယ်ရေးနှင့်ပတ်သက်သော သိကောင်းစရာများကို အသိပညာပေး ပြောကြားခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်နိုင်ရေးအတွက် နှာခေါင်း စည်း( Face Masks)များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Visitors: 33,310