ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များဖြည့်ဆည်း

မြစ်ကြီးနား ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ တိုင်း ရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်၊ အောက်ဘမ်လော်ဝေါ်ကျမ်း စာသင်ကျောင်း၌ ကျောင်းအုပ်ဆရာကြီးအပါအဝင်၊ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အမှု ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ ဒေသခံလော်ဝေါ်တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် ပြည်သူ့အင်အားသည်အရေးကြီးသည်ဟုခံယူပါကြောင်း၊ ပြည်သူများ၏ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ငြိမ်းချမ်းရေးအပါအဝင် အဖက်ဖက်မှ တိုးတက်အောင်မြင်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ မိမိတို့ မျှော်မှန်းချက်ဖြစ်သည့် အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး မူးယစ်ဆေးဝါး ကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကလည်း မိမိတို့နှင့်အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီး သိက္ခာတော်ရဒေါက်တာလွမ်းခေါင်က လော်ဝေါ်ရိုးရာခေါင်း ပေါင်း၊ဓားလွယ်နှင့် ကောက်ညှင်းပလိုင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် က ကျမ်းစာကျောင်းအတွက် အလှူငွေ ၅ သိန်းကို ထောက်ပံ့ပေးအပ်ကာ လော်ဝေါ်တိုင်းရင်းသားတို့၏ ရှေးဦးရိုးရာအကဖြစ်သည့် ဂျီဂေါ့အကနှင့် ရိုးရာအကတို့ကို ဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး သိက္ခာ တော်ရဆရာတော်များ၏ ဆုတောင်းဆက်ကပ်ပေးမှုနှင့် ကျောင်းအတွင်း လိုအပ်သည့် ပတ်လမ်းဖောက် လုပ်နိုင်ရေးအတွက် ကြည့်ရှုခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ လာချိတ်စာပေနှင့်ယဉ်ကျေး မှုအဖွဲ့၏ ရိုးရာမနောကွင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အိမ်တော်၌ စာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံပြီး မနောကွင်းအတွင်း ပတ်လမ်းဖောက်လုပ်ပေးနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဝိုင်းမော်မြို့ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကွင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုး မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ရိုးရာမနောကွင်းနှင့်မနောတိုင်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ကာ စာပေနှင့်ယဉ်ကျေးမှုဗိမ္မာတော်အတွင်း ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်ချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝိုင်းမော်မြို့ ဧရာဦးပန်းခြံအတွင်း ဝိုင်းမော်မြို့ မြို့တည်(၄၈)နှစ်ပြည့် အထိမ်းအမှတ် လွတ်လပ်ရေးကျောက်တိုင်တည်ဆောက်ပြီးစီးမှုနှင့် ပန်းခြံအတွင်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝိုင်းမော်မြို့နယ် နောင်ဟီကျေးရွာတွင် ကျေး လက်လမ်းဦးစီးဌာနမှ ဖောက်လုပ်ပြီးစီးသည့် ကျေးရွာတွင်းလမ်း (၂၆၀၀)ပေကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် နောင်ဟီးနှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံး၌ အသင်းတော်တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များကို
Visitors: 26,818