ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆဋ္ဌမအကြိမ် သားဖွားဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား ဇန်နဝါရီ ၂၄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ မြစ်ကြီး နားသားဖွားသင်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် အပတ်စဉ်(၆)ဘက်စုံသားဖွားသင်တန်းကျောင်း သင်တန်းသူများအား ဆဋ္ဌမအကြိမ် သားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုသည်သည်။
ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူလူထုအတွင်း ပဏာမ ကျန်းမာရေးစောင့်ရှောက်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြသော အခြေခံကျန်းမာရေး ဝန်ထမ်း များဖြစ်သည့် သားဖွားဆရာမများ၏ ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အတွက် အရေးပါသည့် မိမိတို့ဆောင်ရွက်ရမည့် အခန်းကဏ္ဍကို သိရှိနားလည်ပြီး မိမိတို့တာဝန်ကြရာ ဒေသ အတွင်းရှိ ဒေသခံပြည်သူများ၏ အကျိုးကို စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ကရုဏာတရားတို့နှင့် မိမိတို့ တတ်စွမ်းသမျှ အလေးထားပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် သားဖွားသင်တန်းကျောင်းစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘုန်းမော်က ဒီပလို အောင်လက်မှတ်အပ်နှင်းခြင်းခံရမည့် သင်တန်းသူများအား ဆုံးမဩဝါဒစကားပြောကြားပြီး မြစ်ကြီးနား ဘက်စုံသားဖွားသင်တန်းကျောင်းမှ ဒီပလိုအောင်လက်မှတ်ရ သင်တန်းသူ (၅၉)ဦးတို့အား သားဖွား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဒီပလိုမာအောင်လက်မှတ်များကို အပ် နှင်းခဲ့ကြသည်။
Visitors: 29,944