အမျိုးသားလွှတ်တော် မေးမြန်းဖြေကြားခဲ့မှုများနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ/အဖွဲ့အစည်းများတွေ့ဆုံညှိနှိုင်း

မြစ်ကြီးနား ဇန်နဝါရီ ၁၁
အမျိုးသားလွှတ်တော်အစည်းအဝေးများတွင် ကိုယ်စားလှယ်များ၏ မေးမြန်းခဲ့ကြသည့် မေးမြန်းဖြေကြားမှုများအပေါ် အစိုးရ၏ ကတိကဝတ်များနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ/ အဖွဲ့အစည်းများ၏ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမျိုးသားလွှတ် တော်အစည်းအဝေးများအတွင်း မေးမြန်းဖြေကြားခဲ့သည့် အစိုးရအဖွဲ့၏ ကတိများပေးထားသည့် လုပ်ငန်းများအပေါ် ယနေ့ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများအားလုံးက ဆက်လက်ဖြေရှင်းဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များနှင့် အတူ ပွင့်ပွင့်လင်းလင်းဖြင့် ညှိနှိုင်းဆွေးနွေးသွားကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်အစိုးရအဖွဲ့၏အာမခံချက်များ၊ကတိများ၊တာဝန်ခံချက် များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီအနေဖြင့် အမျိုးသားလွှတ်တော်အစည်း အဝေးများအတွင်း မေးခွန်းများ မေးမြန်းဖြေကြားခဲ့မှုများနှင့် ပတ်သက်၍ ကွင်းဆင်းတွေ့ရှိချက်၊ သုံးသပ်ဆောင်ရွက်မှုများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် အစည်းအဝေးများအတွင်း ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နှင့် ပတ်သက်သည့် မေးခွန်း (၆၂) ခုကို ဆွေးနွေးကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပတ်သက်သည့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၁၇)ခု တို့အတွက် မေးမြန်းဖြေကြားခဲ့မှုများအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များကဆောင်ရွက်ထားရှိသည့် အခြေအနေများအပေါ် ရှင်းလင်းတင်ပြဆွေးနွေးကြရာ လွှတ်တော် ကိုယ်စားလှယ်များက ထပ်မံသိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးမှုများနှင့်ပတ်သက်၍ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ် ငန်းများအပေါ် ကွင်းဆင်းစစ်ဆေးသည့်အချက်များနှင့် သိလိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းဆောင်ရွက်ရသည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားလွှတ်တော် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များစိ စစ်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ခဲ့ကြသည်။
Visitors: 29,944