(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း ကတ္တရာလမ်းသစ်ဖွင့်လှစ်

မြစ်ကြီးနား ဇန်နဝါရီ ၂
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း စိမ်းလဲ့ ကန်သာကတ္တရာလမ်းသစ်ကို ယနေ့ နံနက် (၁၀)နာရီတွင် အဆိုပါလမ်းသစ်၌ ဖွင့်လှစ်သည်။
ကတ္တရာလမ်းသစ်ကို စည်ပင် + ပြည်သူပူးပေါင်း၍ ရန်ပုံငွေကျပ် (၈၅၅) သိန်းဖြင့် ဆောင် ရွက်ခဲ့သည့် အရှည်ပေ (၂၆၀၀)အရှည်ရှိပြီး အဆိုပါ စိမ်းလဲ့ကန်သာကတ္တရာလမ်းသစ်ကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်စည်ပင်သာ ယာရေးဝန်ကြီး ဦးနော်လီ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် လမ်းဖြစ်မြောက်ရေးအဖွဲ့ ရပ်မိ ရပ်ဖ ဦးတင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကတ္တရာလမ်းသစ်ကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။
ယင်းနောက် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုရရှိသလို ဆက်လက်၍ လည်း ပြည်သူပူးပေါင်းပါဝင်မှုနှင့်အတူ ဘက်ပေါင်းစုံ/ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြရာ လမ်းဖြစ် မြောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖ ဦးတင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
Visitors: 25,288