မြစ်ကြီးနားမြို့၌ ရာသီဥတုအခြေအနေအရ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမည့် အစီအစဉ်ကို ပြည်ထောင်စုနေ့တွင် ပြောင်းလဲထည့်သွင်းကျင်းပပေးမည်

မြစ်ကြီးနား ဇန်နဝါရီ ၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထည့်သွင်း ကျင်းပမည့်ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကို ယနေ့ရာသီဥတုအခြေအနေအရ မိုးရွာသွန်းလျက် ရှိသဖြင့် ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည့်အစီအစဉ်ကို ရက်ရွေ့ပြောင်းခဲ့ရကြောင်း ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။
ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးမြင့်ခိုင်က “ရာသီဥတု အခြေ အနေကြောင့် ပြိုင်ပွဲအချို့ပဲကျင်းပနိုင်ပါတယ်၊ မနေ့ကကစားထားတဲ့ပိုက်ကျော်ခြင်း၊စစ်တုရင်နဲ့ခေါင်းအုံး ရိုက်ပြိုင်ပွဲတွေကိုပဲ ဒီနေ့မှာ ဆုချီးမြှင့်ပေးသွားမှာပါ၊ ကျန်တဲ့ပြိုင်ပွဲတွေကိုတော့ လာမယ့်ပြည်ထောင်စု နေ့မှာ ထည့်သွင်းကျင်းပပေးသွားမှာဖြစ်ပါတယ်” ဟု ရှင်းလင်းပြောပြသည်။
ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းမှ စတင်မိုးရွာသွန်းခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့အထိ မိုးရွာသွန်းလျက်ရှိသောကြောင့် ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် လွတ်လပ် ရေးနေ့အထိမ်းအမှတ် ပြည်သူ့အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးသွား မည့်ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခြင်းမရှိတော့ဘဲ အဆိုပါအားကစား လာမည့် ဖေဖော်ဝါရီလအတွင်းကျရောက်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့တွင်ထည့်သွင်းကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 29,661