၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မြစ်ကြီးနား ဇန်နဝါရီ (၃)
၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့်(၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် ပြည်နယ် အားကစားပြိုင်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရှိရသည်။
ဆိုပါ အားကစားပြိုင်ပွဲများကို ပြည်နယ်အစိုးရအဖွဲ့မှစီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အားကစားနည်းအလိုက် ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနှစ်၊ စက်ဘီးစီးပြိုင်ပွဲ၊ ရိုးရာခြင်းလုံး၊ Fitness Dance ၊ ချောတိုင်တက်၊ ငှက်ပျောပင် တက်၊ ခေါင်းအုံးရိုက်၊ ပုခုံးထမ်းပြေး၊ ပြေးခုန်ပစ်၊ အလျားခုန်နှင့် လွန်ဆွဲပွဲများကို ကျင်းပသွားမှာဖြစ်ပြီး အထိမ်းအမှတ်အားကစားပြိုင်ပွဲအလိုက်ဆုရရှိသူများကို ဇန်နဝါရီ(၄)ရက် လွတ်လပ်ရေးနေ့တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်မှ ပြောကြားခဲ့သည်။
Visitors: 29,944