ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးပတ်ကို မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၂၈
မြစ်ကြီးနား၌ ဒီဇင်ဘာအားကစားလ လူထုရှုပ်ရှားမှုအဖြစ် စတုတ္ထပတ် စုပေါင်းလမ်း လျှောက်ပွဲကို ယနေ့နံနက်(၆)နာရီတွင် သခင်နက်ဖေလမ်း၊ ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြစ်ကြီးနားမြို့တွင်းသို့ တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ကြပြီး ကိုယ်ကာယကြံ့ခိုင်ရေးလေ့ ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ကြသည်။
လမ်းလျှောက်ပွဲကို စုရပ်သခင်နက်ဖေလမ်းမှတစ်ဆင့် ခရေလမ်း၊ အောင်ဆန်းလမ်း၊ ထိုမှ တစ်ဆင့် ရုံးကြီးလမ်းအတိုင်း ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဝန်ထမ်းများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည် သူများ စုစုပေါင်းအင်အား(၅၀၀၀)ဦးခန့်သည် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်သူ့အားကစားကွင်းအတွင်းဝင်ရောက်ကာ ကိုယ်ကာယကြံ့ခိုင်မှုအတွဲအမှတ် (၁)နှင့် (၂)၊ Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်နှင့် Myanmar Fitness Dance ပြိုင်ပွဲများတွင် ဆုရအသင်းများနှင့် မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့တို့က လေ့ကျင့် ကစားပြသဖျော်ဖြေကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဆုငွေများကို ပေးအပ် ချီးမြှင့်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ငွေကျပ် တစ်သိန်းဆု (၂)ဆု၊ ငွေကျပ် (၁၀)သောင်းဆုနှင့် (၃)သောင်းဆု (၁၀)ဆုတို့ကို မဲဖောက်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မိုးလုံ လေလုံအားကစားခန်းမ၌ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။
Visitors: 37,591