မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြီး ပျော်ပွဲရွှင်ပွဲအားကစားနည်းထည့်သွင်းကျင်းပပေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၁
မြစ်ကြီးနား၌ ဒီဇင်ဘာအားကစားလ လူထုရှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ တတိယပတ် ကို ယနေ့နံနက်(၆)နာရီတွင် သခင်နက်ဖေလမ်း၊ ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြစ်ကြီးနား မြို့တွင်းသို့ တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ကြသည်။
လမ်းလျှောက်ပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင် တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ( ၅၀၀၀ )ဦးခန့်သည် သခင်နက်ဖေလမ်းမကြီးအတိုင်း ဆမားလမ်း၊ ဆွမ်ပရာဘွမ်လမ်း၊ ထိုမှတစ်ဆင့် ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်း အတွင်း ပြန်ဝင်ရောက်ကာ ကိုယ်ကာယကြံ့ခိုင်မှုအတွဲအမှတ် (၁)နှင့် (၂)၊ Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ကြသည်။
ယင်းနောက် Myanmar Fitness Dance အဖွဲ့နှင့် မြန်မာ့သိုင်းအားကစားတို့ကို လေ့ကျင့် ကစားပြသဖျော်ဖြေကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး လမ်း လျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ငွေကျပ် တစ်သိန်းဆု (၅)ဆု၊ ငွေကျပ် (၅)သောင်းဆု (၁၀)ဆုတို့ ကို မဲဖောက်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်း၌ ပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာနမှ အခြေခံပညာကျောင်းသား/သူများအား သံပုံးရိုက်၊ ခေါင်းအုံးရိုက် စသည့် ပျော်ပွဲရွှင်ပွဲ အားကစားနည်းများ ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။
Visitors: 23,681