ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆန်အိတ် ၂၀၀ ပေးအပ်လှူဒါန်း

မြစ်ကြီးနား ဒီဇင်ဘာ ၁၈
ကချင်ပြည်နယ်အတွင်း IDPs စခန်းများ၊ သဘာဝဘေးသင့်ဒေသများနှင့် အခြားခက်ခဲသော ဒေသများအတွက် ထောက်ပံ့ပေးအပ်သွားနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ မဟာရွှေဇဗ္ဗူကုမ္ပဏီ လီမိတက်မှ ဆန်အိတ် ၂၀၀ ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ (၂)နာရီတွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆန်အိတ်များပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ မဟာရွှေဇဗ္ဗူကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ထွန်းအောင်က ဆန်အိတ်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လိုအပ် ချက်ရှိသည့်နေရာ၊ဒေသများတွင် ထောက်ပံ့ပေးအပ်နိုင်ရေး လှူဒါန်းပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြပြီး ဆန်အိတ် ၂၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကိုပြန်လည်ပေးအပ်ကာကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။
အဆိုပါ လှူဒါန်းပေးအပ်ပွဲအခမ်းနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ မဟာရွှေဇဗ္ဗူကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Visitors: 29,947