၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ (Citizen’s Budget)စာစောင်ထုတ်ဝေ

မြစ်ကြီးနား ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစိုးရအဖွဲ့၏ ရငွေ၊သုံးငွေများကို ပြည်သူများအား ပွင့်လင်း မြင်သာစွာအစီရင်ခံနိုင်ရေး အာရှဖောင်ဒေးရှင်း၏ ကူညီမှုဖြင့်ထုတ်ဝေမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာ ရင်းဆိုင်ရာအချက်အလက်များ (Citizen’s Budget) စာစောင် မိတ်ဆက်ခြင်းအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ (၁၆) နံနက် (၉)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာစောင်ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဘယ်လိုမူဝါဒတွေ/ ဘယ်လိုလုပ်ငန်းတွေကို လက်ရှိဘဏ္ဍာနှစ်အတွင်း မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဆိုသည်ကို ပြည်သူလူထုသိရှိစေရေး၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ မူဝါဒရည်မှန်းချက်များ၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုအခြေအနေများ၊ မည်သည့်လုပ်ငန်းများဆောင် ရွက်နေသည်ကို ပြည်သူလူထုသိရှိနိုင်စေရန် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်၏ အရ အသုံးဆိုင်ရာဥပဒေကိုအခြေခံ၍ ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုမှတ်တိုင်အဖြစ် ကချင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေ စာရင်းဆိုင်ရာအချက်အလက်များ (Citizen’s Budget) စာစောင်ကို ထုတ်ဝေအသိပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အာရှဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဒုတိယဌာနေကိုယ်စားလှယ် Mr. Diana Fernandez က (Citizen’s Budget) စာစောင်အတွက် နည်းပညာပံ့ပိုးပေးနိုင်မှုအခြေအနေနှင့် စာစောင် ပါအချက်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ Citizen’s Budget စာစောင်တွင် ၂၀၁၉ -၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည် နယ်၏ မေခရိုစီးပွားရေးဆိုင်ရာအချက်အလက်များ၊ ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်များ၊ ကချင်ပြည်နယ်၏ ဘဏ္ဍာသုံးငွေများနှင့် ရငွေများ၊ ပြည်နယ်အတွင်း ဦးစားပေးဆောင်ရွက် မည့်လုပ်ငန်းများပါဝင်ပြီး ပြည်သူဘဏ္ဍာရေးအစီရင်ခံစာ သက်သက်မဟုတ်ဘဲ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြည်သူလူထုပါဝင်လာရေးကို တိုးတက်အားကောင်းလာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ထို့အပြင် Citizen’s Budget စာစောင်နှင့်ပတ်သက်၍ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက Citizen’s Budget စာစောင်ကို ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းတို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် စာစောင်ပါအချက်များကို အုပ်စုဖွဲ့ ဆွေးနွေးသုံးသပ်အကြံပြုခြင်းတို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။
Visitors: 37,593