ကချင်ပြည်နယ်လွှတ်တော်ရုံး၌ ခရစ်စမတ်ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်လွှတ်တော်ရုံး၌ ခရစ်တော်၏ မွေးနေ့အကြို ခရစ်စမတ်ဝတ်ပြုဆုတောင်းပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်လွှတ်တော်ရုံး Banquet ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ခရစ်စမတ်ဝတ်ပြုဆုတောင်းပွဲတွင် အင်္ဂလိကန် ဘုန်းတော်ကြီးဒေးဗစ်သန်းလွင်က ဝတ်ပြုခြင်း အစီအစဉ်အစပြု အဖွင့်ဆုတောင်းဆက်ကပ်ပေးပြီး ဓမ္မတေးသီချင်းကျူးဧခြင်းတို့ကို ဆောင်ရွက်ကြကာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ခန်လင်က နှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းခံချက် များကို ပြောကြားသည်။
ယင်းနောက် လွှတ်တော်ရုံးဝန်ထမ်းများက ခရစ်စမတ်တေးသီချင်းများဖြင့် ဆက်ကပ်ခြင်း၊သိက္ခာ တော်ရဆရာတော် ဦးချန်းဗေးက ပြည့်စုံဆုတောင်ပေးကြပြီး မြန်မာနိုင်ငံခရစ်တော်၏အသင်းတော် သိက္ခာတော်ရဆရာတော် ဒေါက်တာဝါရဲစီက ခရစ်တော်ယေရှုဘုရားမွေးနေ့ ဒေသနာတော်ဟောကြား ခြင်း၊ အင်ဂျန်ဒုံနှစ်ခြင်းအသင်းတော်အမျိုးသမီးများအဖွဲ့က သံစုံတေးသီချင်းဖြင့် သီဆိုဆက်ကပ် ခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။
ထို့နောက် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာယိန်းညော်က ကျေးဇူးတင်စကားပြောကြား ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ဝတ်ပြုခြင်းအစီအစဉ်ဦးဆောင်ဆက်ကပ်ပေးကြသည် ဘုန်းတော်ကြီးနှင့် သိက္ခာတော်ရဆရာတော်တို့အား ခရစ်စမတ်လက်ဆောင်များပေးအပ်သည်။
အဆိုပါ ဝတ်ပြုအစီအစဉ်သို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Visitors: 33,310