မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများပြား

မြစ်ကြီးနား ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လူထုစုပေါင်းလမ်း လျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူများစွာဖြင့် ယနေ့ နံနက် (၆)နာရီတွင် ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းပေါ်စုရပ်မှ မြစ်ကြီးနားမြို့တွင်း တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပ ခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ သူများ၊ ရပ်ကွက်နေပြည်သူများက စုစုပေါင်းအင်အား လေးထောင်ခန့်တို့သည် စုရပ်သခင်နက်ဖေလမ်း အတိုင်း ဆမားလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ရုံးကြီးလမ်းအတိုင်း ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြကာ အားကစားကွင်းအတွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု အတွဲအမှတ် (၁)နှင့် (၂)၊ Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ခဲ့ကြသည်။
ယင်းနောက် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက Myanmar Fitness Dance၊ လေ့ကျင့်ကပြဖျော်ကြခဲ့ကြပြီး ကချင်ပြည်နယ်ကရားတေးဒိုကလပ်အဖွဲ့မှ လေ့ကျင့်ကစားပြသကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆုငွေများ ချီးမြှင့်ပေးအပ်ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ငွေကျပ် ၃ သိန်းကျော်တန် SAMSUNG လက်ကိုင်ဖုန်းတစ်လုံး အပါအဝင် ငွေကျပ်ငါးသောင်းဆုများနှင့် အားကစားဝတ်စုံများကို မဲဖောက်ပေးခဲ့ကြသည်။
ယနေ့ လမ်းလျှောက်ပွဲအထိမ်းအမှတ်အဖြစ် ပြည်သူ့အားကစားကွင်း၌ ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
Visitors: 25,288