မြစ်ကြီးနားမြို့၊ အ.ထ.က(၁)ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်ဆောင်ရွက်ပေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၂
သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးဆိုင်ရာအသိပညာဗဟုသုတများရရှိစေရေး ကလေး သူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီ အစဉ်(Kaeru Caravan)ကို ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသားကလေးငယ်များဖြင့်အသိပညာပေးကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအစီအစဉ်တွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ကလေးများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးစသည့် ဘေး အန္တရာယ်များဖြစ်ပေါ်လာပါက မိမိတို့ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများ၊ ကိရိယာများကို အသုံးပြု၍ အခက်အခဲများအား ကျော်လွှားနိုင်ရေးအတွက် အစီအစဉ်တွင် ကစားနည်း (၁၀)မျိုးပါဝင်ပြီး ၎င်းကစား နည်းများမှ အတွေ့အကြုံများဖြင့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ကျောင်းအတွက် မီးသတ်ဘူးများကို ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက မီးသတ်တပ်ဖွဲ့ဝင်များက အ.ထ.က(၁)ကျောင်းမှ ကျောင်းသားကလေးငယ်များအား သဘာဝ ဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်တွင် ပါဝင်သည့် မီးဘေး အန္တရာယ်အတွက် မီးနှင့် ပတ်သက်သော ဗဟုသုတများရရှိစေရန်၊ မီးငြိမ်းသတ်ရေးပစ္စည်းများကို သိရှိ နားလည်စေရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်အတွင်း ထိခိုက်လူနာများအား ရှေးဦးသူနာပြုစုခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ပွားသည့်အခါ ပတ်ဝန်းကျင်ရှိ ရေဘူးများဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်း၊ အရေး ပေါ်အခြေအနေတွင် သယ်ယူရမည့်ပစ္စည်းများ၏ အသုံးဝင်ပုံများ၊ ကြိုးအသုံးပြုပုံများကို ကစားနည်းများ ဖြင့်အသိပညာပေးလေ့ကျင့်သင်ကြားပို့ချပေးနေမှု ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 33,309