ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုလျှောက်ထားမှုကို သွားရောက်ဖြေရှင်းသည့်ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲ မြစ်ကြီးနားမြို့၌ပြုလုပ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုလျှောက်ထားမှုကို ဦးဆောင်သွားရောက် ဖြေရှင်းသည့် ကိစ္စနှင့်စပ်လျဉ်း၍ လူထုထောက်ခံပွဲကို ဒီဇင်ဘာ (၉) နံနက် (၉) နာရီတွင် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုပန်းခြံ၌ ကျင်းပသည်။

အဆိုပါထောက်ခံပွဲတွင် ပြည်ထောင်စု၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သွားရောက် ဖြေရှင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့အား ထောက်ခံကြောင်း၊ “ We Stand With Our Leader ”၊ “နိုင်ငံတော်၏ အကျိုးစီးပွား ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်” စသည့် ကြွေးကြော်သံများဖြင့် အင်အား ၁၀ဝ၀ ကျော်တို့က ဗိုလ်ချုပ်ကြေးရုပ်တု ပန်းခြံမှ စတင်ထွက်ခွာပြီး ခွင့်ပြုထားသော မြို့တွင်းလမ်းကြောင်းအတိုင်း စီတန်းလှည့်လည်၍ သတ်မှတ်ထားသောဆုံမှတ်နေရာ သို့ပြန်လည်ဝင်ရောက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

Visitors: 25,288