မြစ်ကြီးနားမြို့တွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းလုပ်ငန်းများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဒီဇင်ဘာ ၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အား ပြည်နယ်၏ စံပြမြို့တော်တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင် ရွက်နေမှုကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းစစ်ဆေး ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ကျွန်းပင်သာရပ်ကွက်နှင့် ရွှေညောင်ပင်ရပ်ကွက်များအတွင်း ရှိလက်ပံလမ်း အရှည်ပေ ၅၃၅၀ ပေ၊ ရတနာလမ်း အရှည်ပေ ၁၅၀၀ နှင့် ဒေသန္တရလမ်းအရှည်ပေ ၃၆၅၀ ပေတို့ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစ်ဆေးပြီး ထိုမှ တစ်ဆင့် ဒူကထောင်ရပ်ကွက်အတွင်းရှိ ဂျော်လမ်း အရှည်ပေ ၃၈၅၀ ပေနှင့် ပမ္မတီးရပ်ကွက် ခရမ်း ကျောင်းလမ်း အရှည်ပေ ၄၅၀၀ တို့ကို ကတ္တရာလမ်းအဖြစ်ခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီစွာဆောင်ရွက်ကြရေး တာဝန်ရှိသူများ အားမှာကြားခဲ့သည်။
Visitors: 37,593