မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြီး ပါဝင်ဆင်နွှဲသူများအား ကံစမ်းမဲများဖောက်ပေး

မြစ်ကြီးနား ဒီဇင်ဘာ ၇
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ဒီဇင်ဘာအားကစားလ ပထမအပတ်လူထုစုပေါင်းလမ်းလျှောက် ပွဲကို ယနေ့ နံနက် (၆)နာရီတွင် ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းပေါ်စုရပ်မှ မြစ်ကြီးနား မြို့တွင်း တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင် တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ သူများ၊ ရပ်ကွက်နေပြည်သူများက စုစုပေါင်းအင်အား ၃ ထောင်ကျော်တို့သည် စုရပ် သခင်နက်ဖေလမ်းအတိုင်း မီးသတ်လမ်းဆုံ၊ ထိုမှတစ်ဆင့် စည်ပင်သာယာလမ်း၊ အောင်ဆန်းလမ်း၊ ရုံးကြီးလမ်းအတိုင်း ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြကာ အားကစားကွင်းအတွင်း၌ ကိုယ်ကာ ယကြံ့ခိုင်မှု အတွဲအမှတ် (၁)နှင့် (၂)၊ Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲများတွင် တံခွန်စိုက်ဒုတိယဆုရ ပြည်နယ် အေရိုးဗစ်အသင်းနှင့် Myanmar Fitness Dance အဖွဲ့တို့က လေ့ကျင့်ကပြဖျော်ကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဆုငွေများချီးမြှင့်ပေးအပ်ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ငွေကျပ် ၃ သိန်းတန် လက်ကိုင်ဖုန်းတစ်လုံး အပါအဝင် ကျပ်တစ်သိန်းဆု၊ ငါးသောင်းဆုများနှင့် အားကစားဝတ်စုံများကို မဲဖောက်ပေးခဲ့ကြသည်။
ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲများ ဖောက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်း လျှောက်ပွဲအထိမ်းအမှတ် အလွတ်တန်းနှင့် လူသစ်တန်း စစ်တုရင်ပြိုင်ပွဲများကိုလည်း ကျင်းပပေးသွား မည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။
Visitors: 23,681