ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်

ဝိုင်းမော် အောက်တိုဘာ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သစ္စွာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီး သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့ နေ့လယ် ၁ နာရီက အမှတ်-၁၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ရှေးဉီးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဉီးဇော်ဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးလဂန်ဇယ်ဂျုံးတို့မှ အဖွင့်အမှာစကား ပြောကြာပြီး လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ (ခေတ္တ) ကချင်ပြည်နယ်ဉီးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဉီးကိုကိုစိုးမှ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ သိသင့်သိထိုက်များကို ကျောင်း သူ/သားများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝန်ကြီးက (အ.ထ.က-ဝါးရှောင်)နှင့်(အ.လ.က-ရွှေညောင်ပင်) ကျောင်းများမှ ဆောင်ရွက် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၅၃၁)ကတ်အားလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးလဂန်ဇယ်ဂျုံးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဉီးဇယ်ခေါင် တို့က (အ.ထ.က-မိုင်းနား)၊ (အ.လ.က-အင်ဂန်း)၊ (အ.ထ.က-ခွဲ-နောင်ချိန်း)၊ (အ.ထ.က-ခတ်ချို)၊ အ.ထ.က-ခွဲ(နောင်ဟီး)၊ အ.လ.က-ခွဲ(သာဂရ)၊ ကျောင်းများမှ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား (၃၆၇)ကတ် အားလည်းကောင်း၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ (ခေတ္တ)ပြည်နယ်ဉီးစီးမှူးက (အ.ထ.က-၂) ဝိုင်းမော်နှင့် (အ.ထ.က-ဝူယန်) ကျောင်းများမှ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၉၂)ကတ်အား လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းမှ အထက-ခွဲ(အောင်မြေ-၁)၊ အထက-ခွဲ(စန်းကား)နှင့် အလက (ဂွေထု) ကျောင်းများမှ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား (၁၄၀)ကတ် အားလည်းကောင်း ပေးအပ်ကြရာ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ ဆရာမကြီး များက လက်ခံရယူကြသည်။
ယနေ့အခမ်းအနားတွင် အခြေခံပညာကျောင်းများသို့ သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း (၁၃၃၀) ကတ်ပြုလုပ်ပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

Visitors: 21,945