ဟိန္ဒူဘာသာဝင်တို့၏ စန္ဒီမယ်တော်ပူဇော်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်း

မြစ်ကြီးနား အောက်တိုဘာ ၆
ဟိန္ဒူဘာသာဝင်တို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စန္ဒီမယ်တော်ပူဇော်ပွဲတော်ကို မြစ်ကြီးနားမြို့ရှိ ဟိန္ဒူဘုရားကျောင်းများအတွင်း ပွဲတော်ကျင်းပနေမှုကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တက်ရောက်အားပေးပြီး အလှူငွေများပေးအပ် လှူဒါန်းခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွဲတော်ကျင်းပလျက်ရှိသည့် မြစ်ကြီးနားမြို့ ရှမ်းစုမြောက် ရပ်ကွက်ရှိ ဟိန္ဒူဘာသာဝင်တို့၏ သီရိရာမဂျာနကီဟိန္ဒူဘုရားရှိကျောင်း၌ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က အားပေးချီးမြှင့် ဂုဏ်ပြု စကားပြောကြားကာ ပွဲတော်အတွက် အလှူငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ် လှူဒါန်းရာ ပွဲတော် ဖြစ်မြောက်ရေးနယကက ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် ဂါဝရပြု လက်ဆောင်များကို ပြန်လည် ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကျောင်း အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ သျှရီမဟာကာလီဘုရား ကျောင်း၌ ပွဲတော်ကျင်းပနေမှုကို တက်ရောက်အားပေးခဲ့ကြပြီး ပွဲတော်အတွက် အလှူငွေ ကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဟိန္ဒူဘာသာဝင်တို့၏ စန္ဒီမယ်တော်ပွဲသည် ဟိန္ဒူလူမျိုးတို့၏ နှစ်စဉ်နှစ်တိုင်း (၁၀)ရက် ကြာကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်နောက်ဆုံးနေ့တွင် ရေမျှောပွဲတော်ကို ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ အလေးအမြတ်ထားသော၊ မယ်တော်၏ ချမ်းသာ သုခအဖြာဖြာကို ရယူနိုင်သော ပွဲတော်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
Visitors: 21,945