ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ပြည်နယ်လွှတ်တော်၌ ကတိသစ္စာပြုလက်မှတ်ရေးထိုး

မြစ်ကြီးနား အောက်တိုဘာ ၄
ကချင်ပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၁)ဦး နေရာ၌ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် တရားသူကြီး ဦးတူးမော်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြု လုပ်သည့် ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဉ္စမနေ့ ၌ ကတိသစ္စာခံယူပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
အဆိုပါ တရားလွှတ်တော်တရားသူကြီးသစ်ကို အစည်းအဝေး ပထမနေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁)အရ ပြည်နယ် တရားလွှတ် တော်တရားသူကြီးအဖြစ် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်မှ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးတူးမော်အား ခန့်အပ်တာဝန်ပေးလိုကြောင်း အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုအပြင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃ ရက်၊ ရက်စွဲပါအမိန့်အမှတ် (၄၁/၂၀၁၉)ဖြင့် ဦးတူးမော်အား ကချင်ပြည် နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သည်။
ယနေ့အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၃)ခု၊ လမ်းပန်း ဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၃)ခုနှင့် လူမှုရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၃)ခု တို့ကို မေးမြန်း ဖြေကြားခဲ့ကြသည်။
ယင်းနောက်အစည်းအဝေးစတုတ္ထနေ့တွင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့သည့် အစိုးရ၏ အာမခံချက်များ၊ကတိများ၊ တာဝန်ခံချက်များ ၊အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီ၏ လစ်လျက်လျက်ရှိသော အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများအတွက် အစားထိုး တာဝန်ပေးအပ်ခြင်းကို လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်သည်။
Visitors: 21,942