ရွှေညောင်ပင်ကျေးရွာ၌ ကျေးရွာ ကွန်ရစ်လမ်းသစ် ဖွင့်လှစ်

ဝိုင်းမော် စက်တင်ဘာ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းရင်းနှီးမှု ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးရွာကွန်ကရစ်လမ်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၌ ကျင်းပရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းညွန့်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်နှင့် မြို့နယ်အုပ်ချုပ်ရေး ဦးထွန်းထွန်းတို့က ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ပေ ၈၀၀၊ အကျယ် ၁၂ ပေ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းရင်းနှီးမြှုပ်မှု ရန်ပုံငွေ ဖြင့် ဆောင်ရွက် ခြင်း ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

Visitors: 22,168