မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသစ်ဖွင့်လှစ်

မြစ်ကြီးနား စက်တင်ဘာ ၂၁

မိုးညှင်းခရိုင်အတွင်း မိုးညှင်းမြို့နယ်‌‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသစ်ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုံးအဆောက်အဦသစ်ဖွင့်ပွဲကို ရုံးသစ်အဆောက်အဦရှေ့၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ရုံးသစ်၏ ကမ္ဗည်းမော်ကွန်းကို ပြည်နယ်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၈၆ ဒဿမ ၃သန်းဖြင့် ဆောင်ရွက်သည့် ၂ ထပ် RC အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

Visitors: 22,168