မိုးကောင်းမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်

မိုးကောင်း စက်တင်ဘာ ၁၇
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုပြီး ဘေးလျော့ပါးရေး လုပ်ငန်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်အောင် ပံ့ပိုးပေးမည့် သင်တန်းတစ်ခုဖြစ်ကြောင်း မိုးကောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင်ကျင်းပသည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောကြားသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးက လူငယ်များအနေဖြင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များ၊ အရေး ပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သိရှိစေမည်ဖြစ်သည့်အတွက် မိမိတို့ဒေသတွင် အထိရောက်ဆုံးနှင့် အကောင်းဆုံး ပြန်လည်အသုံးချနိုင်ရေး ကြိုးစားသင်ယူကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းတို့က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို မြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းလူငယ် ၃၀ ဦးအား ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစဉ်များအနက် ပြည်သူတစ်ရပ်လုံး ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်အောင်အသိပေးခြင်း၊ သဏ္ဍန်တူဇာတ်တိုက် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်း စဉ်များ၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သိရှိနားလည် စေရန်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြို့နယ်ပြည့်သူ့ အားကစားကွင်းအတွင်း ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုနှင့် ဘောလုံးကွင်း ပွဲကြည့်စင်ဆောက်လုပ် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အခြေခံပညာ အထက်တန်းကျောင်း၊ မိုးကောင်း၌ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ ပညာရည်မြှင့်မားရေး၊ ကျောင်းသားအောင်ချက်တိုးတက်လာရေး၊ မူးယစ်ကင်းစင် အောင်ဆောင်ရွက်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့သည်။
Visitors: 22,168