မံစီမြို့နယ် ဟန်ထက်ကျေးရွာနှင့် မန်ဝိန်းကြီးကျေးရွာမှ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်

မံစီ စက်တင်ဘာ ၁၆

ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီက မံစီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားပြီး မွန်းလွဲ ၁ နာရီတွင် ဟန်ထက်ကျေးရွာ ရွာလယ်ခန်းမဆောင်၌ ပြည်သူများနှင့်တွေ့ဆုံပြီး ဟန်ထက်ကျေးရွာနှင့် မန်ဝိန်းကြီး ကျေးရွာ ရှိ ပြည်သူများကို နိုင်ငံသား စီစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲတွင် ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံး ဦးစီးအရာရှိက နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဝန်ကြီးနှင့်အတူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးမင်းမင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံး ခရိုင် ဦးစီးမှူး ဦးထွန်းဦးတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့ရာ ဟန်ထက်ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် မန်ဝိန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က လက်ခံခဲ့ကြပြီး ဟန်ထက်ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက ပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Visitors: 22,168