ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားမြစ်ကြီးနားမြို့၌ကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၆
၂၀၁၉ခုနှစ်၊ စက်တင်ဘာ(၁၆)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်အောင်မိုး ကကမ္ဘာ့အိုဇုန်းလွှာထိန်သိမ်းရေးနေ့ ဖြစ်ပေါ်လာပုံကိုရှင်းလင်းပြောကြားပြီး ၂၀၁၉ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းနှင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ ညွှန်ကြားရေးမှူးချုပ် Erik Solheim ၏ ကမ္ဘာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ် လွှာကို ဖွင့်လှစ်ပြသခဲ့သည်။
ယင်းနောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ကအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးဆုရရှိသူများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာက အထက်တန်း၊ အလယ်တန်းအဆင့်ကွန်ပျူတာ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ပေးပြီး ပြည်နယ် ညွှန်ကြားရေးမှူးက အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှပါဝင်ကူညီခဲ့ကြသည့် NGO အဖွဲ့အစည်းများမှတာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ၊ NGO/ INGO များနှင့် အခမ်းအနားတက်ရောက်လာသူများက ၂၀၁၉ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည့်။
Visitors: 22,168