လူမှုရေးဝန်ကြီးဖလား ဖိတ်ခေါ်အမျိုးသားနှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၄
၂၀၁၉ ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဖလားဖိတ်ခေါ်အမျိုးသားနှစ်ယောက် တွဲကြက်တောင်ရိုက်ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ၁၄.၉.၂၀၁၉ ရက်မှ ၁၆.၉.၂၀၁၉ ရက်အထိ ကျင်းပပြု လုပ်မည်ဖြစ်ရာ ယနေ့နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့၊ ငြိမ်းချမ်းသာယာမိုးလုံလေလုံ အားကစား ကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဦးနေဝင်းက ပြိုင်ပွဲဝင် ကစားသမားများအား အားပေးစကားပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးပြီး ဒိုင်အဖွဲ့ဝင်များအား ကြက်တောင်ဗူးများကို ပေးအပ်သည်။ ထို့နောက် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ကူညီခဲ့ကြသူများအား စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးကျော်ကျာ်ဝင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြပြီး ကစားသမားများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အမျိုးသားနှစ်ယောက်တွဲ ကြက်တောင်ရိုက်ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ပြည်နယ်အတွင်း ရှိ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့်(တာမခံ)မြို့နယ်များမှ ကြက်တောင်အသင်းများ အပြင် ကသာ၊ ကောလင်းနှင့် မန္တလေးတိုင်းဒေသကြီး(အောင်ကလပ်)မှ ကြက်တောင်အားကစားသမား (၁၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 22,168