ကုန်တင်ကုန်ချဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်

မြစ်ကြီးနား စက်တင်ဘာ ၁၃
မြစ်ကြီးနားမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ ဝန်ထမ်းများ၏ ကျောင်းနေသား/သမီးများအား လုပ်သားသက်သာချောင်ချိရေးရန်ပုံငွေမှ ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး၌ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ဝန်ထမ်းများနှင့် ကျောင်းသား/သူများအား အားပေးစကား ပြောကြားပြီး အဌမတန်း၊ နဝမတန်းနှင့် ဒဿမတန်းကျောင်းသား/သူ (၁၂)ဦးတို့အတွက် တစ်ဦးလျှင် ၆၅၅၀၀ နှုန်းနှင့် တက္ကသိုလ်ကျောင်းသား/သူ (၅)ဦးတို့အတွက် တစ်ဦးလျှင် ၆၇၅၀၀ နှုန်းတို့ဖြင့် စုစုပေါင်းငွေကျပ် ၁၁၂၈၅၀၀ နှင့် စာရေးကိရိယာများကို KG တန်း၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ဆဌမတန်းနှင့် သတ္တမတန်း တို့တွင် ပညာသင်ကြားနေသော ကျောင်းသား/သူ (၈၁)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၆၂၁၂၅၀ တန်ဖိုး ရှိကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ကြေးများကို အလုပ်သမားများ၏ ရေရှည်အကျိုးစီးပွားအတွက် ဝယ်ယူစုဆောင်းခဲ့ သည့် ငွေစုလက်မှတ်တန်ဖိုးနှင့် ကရုဏာကြေးခံစားခွင့်အပေါ်မူတည်ပြီး ပညာသင်ထောက်ပံ့ကြေး သတ်မှတ်ပေးခြင်းနှင့် လုပ်သားသက်သာချောင်ချိရေးရန်ပုံငွေမှ စာရေးကိရိယာများကို ထောက်ပံ့ပေး အပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ ဦးစီးအရာရှိဦးသောင်းထွန်းက ပြောကြား သည်။
Visitors: 22,168